—————————-
📌 ယနေ့ social media ခေတ်ကြီးမှာ “လှရမယ်”, “ပိန်ရမယ်”, “perfect body ရှိရမယ်” ဆိုတဲ့ beauty standards (အလှအပစံနှုန်းများ) က လူငယ်များ အထူးသဖြင့် မိန်းကလေးများအပေါ် သက်ရောက်မှုကြီးမားလာနေ ပါတယ်။ Social media ပေါ်က edited photos, filters, celebrity body image များနဲ့ မိမိကိုယ်ကို နှိုင်းယှဉ်မိလာ ခြင်းက body dissatisfaction (ကိုယ်ခန္ဓာအပေါ် မကျေနပ်မှု) ကို တိုးလာစေတတ်ပါတယ်။
တချို့လူတွေမှာ “ငါမလှဘူး”, “ငါမပိန်ဘူး”, “ဒီလိုမဖြစ်ရင် လူတွေမကြိုက်ဘူး” ဆိုတဲ့ အတွေးတွေ ဖြစ်လာပြီး ကျန်းမာရေးနှင့်လျော်ညီစွာစားသောက်မှုမရှိခြင်း၊ အလွန်အကျွံစားခြင်း အစာစားမှုဆိုင်ရာအပြုအမူအခက်အခဲတွေ ဖြစ်ပေါ်လာနိုင်ပါတယ်၊ တနည်းအားဖြင့် ကိုယ့်ရဲ့ အလှအပကို ပိန်ခြင်း၀ခြင်းတွေနဲ့ တန်ဖိုးဖြတ်လာကြတာမျိုးပေါ့။ သုတေသနများအရ လက်တွေ့မဆန်သော အလှအပဆိုင်ရာစံနှုန်းနှင့် ခန္ဓာကိုယ်အပေါ်စိတ်ကျေနပ်မှုမရရှိခြင်းများသည် အစားအသောက်ဆိုင်ရာအခက်အခဲ eating disorders ဖြစ်နိုင်ခြေကို မြင့်တက်စေတတ်ကြောင်း တွေ့ရှိထားပါတယ်။
📌 Eating disorder တစ်မျိုးဖြစ်တဲ့ Bulimia Nervosa ဆိုတာ လူတစ်ယောက်က အချိန်တိုအတွင်း အစား အစာများစွာ binge eating (အလွန်အကျွံစားခြင်း) ပြုလုပ်ပြီးနောက် ကိုယ်အလေးချိန်တက်သွားမည်ကို ကြောက်ရွံ့ခြင်း၊ guilt (အပြစ်ရှိသလိုခံစားရခြင်း)၊ shame (ရှက်ရွံ့မှု) တို့ကြောင့် purging behaviors (အစားပြန်ထုတ်ပစ်ရန် ကြိုးစားမှုများ) လုပ်ဆောင်ခြင်းကို ဆိုလိုပါတယ်။ Purging behaviors တွေထဲမှာ အန်ထုတ်ခြင်း (self-induced vomiting), ၀မ်းနှုတ်ဆေး (laxatives) အလွန်အကျွံသုံးခြင်း, အစာမစားဘဲနေရခြင်း (fasting), exercise အလွန် အကျွံလုပ်ခြင်းတို့ ပါဝင်နိုင်ပါတယ်။ လူအများစုမှာ ခန္ဓာကိုယ်အလေးအချိန် ပုံမှန်ရှိနေလို့ အပြင်ပန်းကြည့်ရင် မသိသာနိုင်ပေမယ့် စိတ်ပိုင်းနှင့် ခန္ဓာပိုင်းဆိုင်ရာထိခိုက်မှုများ ရှိနေတတ်ပါတယ်။
📌 စိတ်ပညာနှင့် ဇီဝဗေဒအမြင်အရ Bulimia Nervosa ဟာ “အစားစားခြင်းအကြောင်း” တင်မဟုတ်ဘဲ စိတ်ခံစားချက် emotions, ကိုယ့်ကိုကိုယ်တန်ဖိုးထားမှု self-worth, စိုးရိမ်ခြင်း anxiety, စိတ်ဖိစီးမှု stress, ခြောက်ပစ်ကင်းသဲလဲစင်လွန်းမှုအလေ့အထ perfectionism တို့နဲ့လည်း ဆက်နွယ်နေပါတယ်တဲ့။
စိတ်ဖိစီးမှု၊ အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်း၊ စိုးရိမ်ခြင်းစတဲ့ ခံစားချက်တွေ များလာတဲ့အခါ binge eating ကို စိတ်ခံစားချက်ဆိုင်ရာဖြေရှင်းနည်းလမ်းတခုလို အသုံးပြုတတ်ကြပါတယ်။ အစားစားတဲ့အချိန်မှာ ဦးနှောက်ရဲ့ ဆုပေးသောစနစ် reward system က ဒိုပါမင်ဟော်မုန်းဓာတ် dopamine release ဖြစ်လာပြီး ခဏတာ စိတ်သက်သာသလို ခံစားရတတ်ပါတယ်။ ဒါပေမယ့် အဲ့ဒီနောက် အပြစ်စွဲစိတ် guilt နဲ့ ဝိတ်တက်လာမှာ ကြောက်တဲ့စိတ်ကြောင့် အစာပြန်ထုတ်ခြင်း purging behaviors ပြန်လုပ်မိပြီး စိတ်ခံစားချက်ဆိုင်ရာဖိစီးမှုတွေ ပိုမိုများလာတတ်ပါတယ်။
📌 Bulimia Nervosa မှာ vicious cycle (သံသရာဆိုး) တစ်ခု ရှိနေတတ်ပါတယ် — body dissatisfaction (ကိုယ်ခန္ဓာအပေါ် စိတ်မကျေနပ်ခြင်း) → dieting/restriction (ချင့်ချိန်စားသောက်ခြင်း၊ အစာရှောင်ခြင်း) → binge eating (အလွန်အကျွံစားခြင်း) → guilt & shame (အပြစ်စွဲစိတ်နှင့် ရှက်ခြင်း) → purging (အစာအန်ထုတ်ခြင်း) → temporary relief (ယာယီစိတ်သက်သာရာရခြင်း)→ ပြန်ပြီး အလွန်အကျွံစားခြင်း binge eating ဖြစ်လာခြင်းတွေက လုံးလည်ခြာလည်လိုက်နေတတ်ပါတယ်။ ဒီလိုနဲ့ “weight control” လုပ်နေတယ်လို့ ထင်ရပေမယ့် တကယ်တော့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ ပိုများလာပြီး disorder ကို ဆက်လက်ထိန်းသိမ်းနေတဲ့ cycle တစ်ခု ဖြစ်သွားတတ်ပါတယ်။
📌 Beauty standards (အလှအပရေးရာစံနှုန်း) နဲ့ comparison culture (နှိုင်းယှဉ်ယဉ်ကျေးမှု) ကလည်း ဒီပြဿနာကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ Social media မှာ perfect skin, tiny waist, slim body, flawless beauty (ပြီးပြည့်စုံတဲ့ အသားအရေ၊ ခါးသေးသေး၊ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်၊ ပြစ်မျိုးမဲ့မထင်အလှ) တွေကို မကြာခဏ မြင်ရတဲ့အခါ “ငါမလုံလောက်ဘူး” ဆိုတဲ့ ခံစားချက် ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် online ပေါ်မှာ မြင်ရတဲ့ body images အများစုက editing ပုံကိုပြင်ကြတာ, posing ပိုစ့်ပေးတဲ့ပုံစံ, lighting အလင်း, filters, surgery ခွဲစိတ်မှု, or genetics မျိုးရိုးဗီဇ များကြောင့် ဖြစ်နိုင်ပြီး လူတိုင်းအတွက် realistic standard မဟုတ်နိုင်တာကို သတိပြုဖို့ လိုပါတယ်။
📌 Bulimia Nervosa က စိတ်ကျန်းမာရေးတင်မကဘဲ physical health ကိုပါ ထိခိုက်စေနိုင်ပါတယ်။ မကြာခဏ အန်ထုတ်ခြင်းကြောင့် dehydration (ရေဓာတ်ကုန်ခမ်းခြင်း), electrolyte imbalance (ခန္ဓာကိုယ်ဓာတ်ချိန်မညီမျှမှု), dizziness (မူးဝေခြင်း), weakness (အားနည်းခြင်း), stomach problems (ဗိုက်ပြဿနာများ), throat irritation (လည်ချောင်း ယားယံမှု), dental erosion (သွားကြွေလွှာပျက်စီးခြင်း) တို့ ဖြစ်နိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာအရ
စိုးရိမ်ခြင်း anxiety,
စိတ်ကျခြင်း depression,
ရှက်ခြင်း shame,
မိမိကိုယ်ကိုအလေးအမြတ်ထားမှုကျဆင်းခြင်း low self-esteem,
လူမှုဆက်ဆံရေးကင်းပြတ်ခြင်း isolation များကိုလည်း တွေ့ရနိုင်ပါတယ်။
📌 ဒါကြောင့် body image ကို ပုံပန်းသဏ္ဍာန်သက်သက် “appearance only” နဲ့ မတိုင်းတာဘဲ body respect and health (ကျန်းမာရေးနှင့် ကိုယ်ခန္ဓာကို လေးစားမှု) အဖြစ် ပြန်လည်မြင်တတ်ဖို့ အရေးကြီးပါတယ်။ Healthy eating (ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတာ), balanced lifestyle (သင့်တင့်မျှတတဲ့ လူနေမှုပုံစံ), self-compassion (မိမိကိုယ်ကို ဂရုဏာထားမှု), reducing harmful comparison (ကိုယ့်ကိုယ်အန္တရာယ်ရှိနိုင်တဲ့ နှိုင်းယှဥ်မှုကို လျှောချခြင်း) တို့က အထောက်အကူပြုနိုင်ပါတယ်။ ကိုယ်တိုင် သို့မဟုတ် တစ်ယောက်ယောက်မှာ binge eating, purging, body obsession, or severe food guilt လက္ခဏာများ ရှိနေတယ်ဆိုရင် ကျွမ်းကျင်သူ professional support ရယူခြင်းက အရေးကြီးပါတယ်နော်။ Eating disorders တွေက “စိတ်အားနည်းမှု၊ စိတ်မခိုင်မာမှုကြောင့် ဖြစ်လာတာမျိုးမဟုတ်ဘဲ နားလည်ပံ့ပိုးမှု၊ သင့်လျော်တဲ့ အကူအညီနဲ့ ပြန်လည်ကောင်းမွန်နိုင်တဲ့ စိတ်ကျန်းမာရေး အခြေအနေတစ်ခု ဖြစ်ပါတယ်။
လူတိုင်းရဲ့ body, journey နဲ့ timing တွေ မတူကြပါဘူး။ နှိုင်းယှဥ်မှုတွေကြားမှာ ကိုယ့်ကိုယ်ကို ပျောက်မသွားဘဲ ကိုယ်ကျန်းမာပျော်ရွှင်နေတာကိုပဲ ပိုအရေးထားနိုင်ပါစေ။ အဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။
Reference:
Kendra Cherry. (2024). Symptoms and Warning Signs of Bulimia Nervosa. Verywell Mind.
Body Image | Understanding & Improving Self-Perception | NEDA. (2026, May 18). National Eating Disorders Association.

