Phone - +66 09 44275719
Email - purplewindow.mm@gmail.com,
info.purplewindowcounselling.org

About Us

Purple Window Counselling အဖွဲ့အစည်းအနေဖြင့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ၊ ၂၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ယင်းနောက်တွင် ၂၀၂၂ ခုနှစ်၊  သြဂုတ်လမှ လက်ရှိအထိ စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်းနှင့် Counselling ပေးခြင်းများကို လုပ်ဆောင်လျက်ရှိပါသည်။

Our Vision

စိတ်လူမှုရေး (Psychosocial) ပိုင်းဆိုင်ရာ ကုစားမှုများရရှိစေပြီး လူ့ဂုဏ်သိက္ခာနှင့်ညီသော လူမှုအသိုက်အဝန်းတစ်ခုတည်ဆောက်ရန်။

Our Mission

လူ့ရပိုင်ခွင့်ဆုံးရှုံးမှု၏ အကျိုးဆက်အနေဖြင့် ခံစားရနိုင်သော စိတ်ပိုင်းဆိုင်ရာအခက် အခဲများအား ပြန်လည်ကုစားမှုရရှိကာ ကြံ့ကြံ့ခံနိုင်စွမ်းတိုးတက်ကာ လူ့ဂုဏ်သိက္ခာနှင့် အညီ ရှင်သန်ရပ်တည်နိုင်လာစေရေးနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို ဖြစ်စေသောအကြောင်းအရင်းများကို လေ့လာဖော်ထုတ်ပြီး အလားတူဖြစ်ရပ်များ ထပ်မံမပေါ်ပေါက်စေရန်။