
Purple Window သည် အကျိုးအမြတ်မယူသော အရပ်ဖက်အဖွဲ့အစည်းတခုဖြစ်ပြီး၊
လူမှုတရားမျှတခြင်းမရှိမှုကြောင့် ဖြစ်ပေါ်လာသော စိတ်ဒဏ်ရာဆိုင်ရာအခက်အခဲများကို
အဓိကထားဆောင်ရွက်နေသော အဖွဲ့အစည်းတရပ်ဖြစ်ပါသည်။
အဖွဲ့အစည်းအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွင် စိတ်ကျန်းမာရေးကုစားမှုများပေးခြင်းနှင့်
တရားမျှတမှုဖော်ဆောင်ရေးတွင် စိတ်လူမှုရေးကဏ္ဍရပ်မှ ချဉ်းကပ်ပါဝင်လုပ်ဆောင်နေပါသည်။
Purple Window is a civil society organization that focuses on social injustice and related trauma issues. Our approach includes a psychosocial dimension to addressing and seeking justice for human rights violations.
ကျမ အခု အဆင်မပြေတာတွေရှိလဲ ကိုယ့်ကိုကိုယ် ဘယ်လိုလုပ်ရင် အဆင်ပြေမလဲဆိုပြီး အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကို စဉ်းစားဖြေရှင်းတတ်လာပါတယ်။
အပြုသဘောမဆောင်တဲ့ ရှုမြင်မှုတွေ လျော့ကျလာတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာလည်း သဘောထားကြီးစွာမြင်တတ်လာပါတယ်။
တခုခုဆို ချက်ချင်းတုန့်ပြန်လိုက်မှုနည်းလာတယ်။ စိတ်ခံစားချက်ကို အရင်ကထက် ပိုထိန်းချုပ်လာနိုင်တယ်။ ကိုယ်ဖြစ်ချင်တဲ့ ပုံစံတွေကို ရအောင် လုပ်ယူကြည်သလို၊ သူတပါးကိုလည်း ကိုယ်ဖြစ်စေချင်တဲ့ ပုံစံဖြစ်အောင် (တဖက်သားနားဝင်အောင်) ပြောလာနိုင်တယ်။